ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ

ဝေါ  ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယမန်နေ့နံနက်ပိုင်းက ဝေါမြို့ဘူတာလမ်းဆုံတွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ တပ်၍ အိမ်အပြင်သို့ထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် ဌာနဆိုရာ တာဝန်ရှိသူများ မြို့နယ်မီးသတ်ဦးစီးဌာနရှိ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပြင်ပသို့  သွားလာကြသော  ပြည်သူများနှင့် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား   နေအိမ်ပြင်ပသို့ သွားလာပါက  နှာခေါင်းစည်း (Mask) များကို စနစ်တကျတပ်ဆင်ပြီးမှ  သွားလာကြရန်၊  လက်ကိုမကြာခန ဆေးကြောရန်၊ ဟောင်းနွမ်း (Mask) များကို မတပ်ဆင်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို   ပြောကြားပြီး  နှာခေါင်းစည်း (Mask) များ စစ်ဆေးခြင်းဖြင့်  နှာခေါင်းစည်း (Mask) မတပ်လာသူများအား နှာခေါင်းစည်း (Mask)တက်၍ အိမ်ပြင်ထွက်ရန် ပညာပေးစကား ပြောကြားပြီး နှာခေါင်းစည်း (Mask) မပါလာသူများကို ဒဏ်ငွေ (၅၀၀) ဖြင့် (Mask) တပ်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း