ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံခြင်း အစီအစဉ် ဆင့်ပွါးသင်တန်း ဖွင့်လှစ်

မြောင်းမြ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာ​သော အသက် (၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံခြင်း အစီအစဉ် ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြောင်းမြခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေထက်ထက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်းက ဆင့်ပွါးသင်တန်း ဖွင်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။ ၎င်းနောက် ဧရာဝတီဘဏ်မှ တာဝန်ရှိသူများက AYA PAY အသုံးပြုနည်းကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT(Maternal and Child Cash Transfer) တာဝန်ခံ ဒေါ်အိအိခင်(ဒုတိယဦးစီးမှူး)က အကျိုးခံစားခွင့် ရှိသူစာရင်းပြုစုရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

အနာဂတ် မျိုးဆက်သစ်ကလေးများ ဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေး များအား ငွေကြေးထောက်ပံခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်၏ ဒုတိယသုံး လပတ်တွင် ထောက်ပံပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက်ကလေးတစ်ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေပေးခြင်းကို Wellet (AYA PAY Account ဖွင့်ထားရန်)၊ Cash Code (ဖုန်းသို့ စာတိုပေးပို့ခြင်းဖြင့် ငွေထုတ်ခြင်း၊ Cash in Envelope (ထွေ/ အုပ်ရပ်/ ကျေးစာရေးများမှတဆင့် ထောက်ပံ့ကြေးထုတ်ပေးခြင်း) နည်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ဆင့်ပွါးသင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်/ကျေးစာရေးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ စုစုပေါင်း (၁၁၄)ဦး တက်ရောက်ခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စန္ဒာကြည်