တောင်ကုတ်မြို့နယ်  လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

တောင်ကုတ်  ဇန်နဝါရီ ၁၃

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊တောင်ကုတ်မြို့နယ်ရုံး၌  လူထုအခြေပြု ဗဟိုဌာန (CommunityCentre)ခန်းမ၌ စာမြတ်နိုးသူ ကလေးသူငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပုံပြင်စာအုပ်များနှင့် စာဖတ်ဝိုင်းကျင်းပကာ ပုံပြင်ပြောခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် တောင်ကုတ်မြို့ ပြည်သူစာကြည့်တိုက် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ဌေးဌေးလွင်က စကားပြောချိုသာသော ကြက်တူရွေး ပုံပြင်စာအုပ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်- ၃ ဒေါ်ခိုင်ဇာလင်း က သူငယ်ချင်းပျောက်ရှာမယ် ပုံပြင်စာအုပ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်ဌေးဌေးဝင်းက အကြံကောင်းသော ကြက်ဖပုံပြင်စာအုပ်ဖြင့်လည်းကောင်း ရှင်းလင်းပြောကြားကာ စာပေမြတ်နိုးသူ လူငယ်များ က သိရှိလိုသည်များအားမေးမြန်း၍ စာကြည့်တိုက်မှူးဒေါ်ဌေးဌေးလွင်က သိရှိလိုသည်များ ပြန်လည် ဖြေရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်ပြီး စာကြည့်တိုက်မှူး ဒေါ်ဌေးဌေးလွင်က မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ်ပုံပြင်ပြောခြင်း၊ စာဖတ်ဝိုင်းများဆောင် ရွက်မှုများအား အသိပညာဗဟုသုတ ရရှိရေးအတွက် တက်ရောက်နားထောင်ကြရန်နှင့် ပြိုင်ပွဲများ၌ ရဲရဲဝံ့ဝံ့ပြောရဲစေရန် ပုံပြင်ပြောစာဖတ်ဝိုင်းများ၌ ဆွေးနွေးပေးကြရန် မှာကြားခဲ့ကြောင်းသိရသည်။

 

စန်းဝင်း (မြို့နယ်ပြန်ဆက်)