ဖောင်းပြင်မြို့နယ်၌ မသန်စွမ်းသူများအား ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ အသိပညာပေး

ဖောင်းပြင် ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ မသန်စွမ်းသူ များ နေထိုင်မှုအ ဆင်ပြေစေရေးအတွက် လျှပ်စစ်မော်တာဝီးချဲနှင့် ချိုင်းထောက် များကို ကူညီဆောင်ရွက် ပေးလျက်ရှိရာ မသန်စွမ်းသူများအနေဖြင့် လိုအပ်သောအကူညီအညီများ ရရှိနိုင်ရန်အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က အသိပ ညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက် ရည်ရွယ်ချက်များ ကိုရှင်းလင်းပြော ကြားသည်။ ထို့နောက် ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းမှ မြို့နယ်ခေါင်းဆောင် ဦးကိုမျိုးကမ သန်စွမ်းသူ များ၏ လူနေမှုဘဝအခက်အခဲများနှင့် ၎င်းတို့အားကူညီ ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

မသန်စွမ်းသူများအားကူညီဆောင်ရွက်ပေးခြင်းကို ၂၀၁၅ခုနှစ်ကစတင်၍ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိ တအသင်းနှင့် ချိတ်ဆက်ကူညီပေးခဲ့ရာ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်တို့၌ မသန်စွမ်းသူများအတွက် လျှပ်စစ်မော်တာဝီးချဲ(၃၂)စီး၊ စတီးချိုင်းထောက် အစုံ(၃၀)၊ စတီးတုတ်ကောက် (၂၀)တို့ကို ကူညီဆောင်ရွက်ပေးထားကြောင်း၊ ထိုသို့ကူညီပေးနိုင်ခြင်းသည် ပရဟိတအသင်း၏ ပံ့ပိုးကူ ညီထောက် ပံ့ပေးမှုအပြင် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းပေးနေမှုများဖြင့် ယခုကဲ့သို့ကူညီပေးနိုင်နေ ခြင်းဖြစ်ကြောင်း၊ အကူအညီ လိုအပ်နေသည့် မသန်စွမ်းသူများအနေဖြင့်လည်း အချိန်မရွေးဆက်သွယ် ပြီး ကူညီမှုများကိုရယူ နိုင်ပါကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကိုထွန်း(ဖောင်းပြင်)