ဒိုက်ဦး ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့ ကန်တော်မင်္ဂလာလမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း (Mask)များ တပ်၍ အိမ်အပြင်သို့ မထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ပြင်ပသို့ သွားလာကြသော ပြည်သူများနှင့် မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) များကို စနစ် တကျ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ ဟောင်းနွမ်းနေသော (Mask)များကို မတပ်ဆင်ကြရန် စသည့် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး အကြောင်း အရာများကို ပြောကြားပြီး နှာခေါင်းစည်း (Mask) များ စစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်လာသူများအား အိမ်ပြင်ထွက်လျှင် တပ်ဆင်ရန်လိုကြောင်း ပညာပေးခဲ့သည်။
မြို့နယ် (ပြန်/ဆက်)