သထုံ ဇန်နဝါရီ ၁၃
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇန်နဝါရီလ ၁၂ ရက်၊ နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သထုံမြို့နယ်ဦးစီးမှူးရုံးမှ မြိုနယ်ဦးစီးမှူး ဦးခင်ထွန်းနှင့် ဝန်ထမ်းများကသိမ်ကုန်းရပ် ကွက်အတွင်းမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြပြီး ပြုလုပ်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပြည်သူများ ထံလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် မေလ ၃ ရက်နေ့မှ စတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် လိုက်လံဆောင် ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်းစသည့် ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်