အမြို့မြို့အနယ်နယ်သတင်းများ

Jan 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊ ကျောင်းကြီးလမ်းတွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 13,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက အားကစား လှုပ်ရှားမှု Fitness Dance သရုပ်ပြခြင်းအား Online မှ တင်ဆက်ရန်အတွက် ရိုက်ကူးခြင်းဆောင်ရွက်ခဲ့သည်။
Jan 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့ခန်းမ ဆေးထိုးစုရပ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှအသက်(၁၈) နှစ်အထက်ပြည်သူများအား Phase-6 (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
Jan 13,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များ ဈေးကောင်းရနေ သောကြောင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေကြကြောင်း ကွမ်းစိုက် တောင်သူအချို့၏ ပြောကြားချက်ရ သိရပါသည်။
Jan 13,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းတာဝန်များအား သိရှိနားလည်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ်အမြင်သစ်များအား မျှဝေတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့် (ဒုတိယ အကြိမ်မြောက်) စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
Jan 13,2022
လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ပုသိမ်မြို့တွင် ကျောင်းတွင်းပုံမှန်သင်တန်း အပတ်စဉ် (၃/၂၀၂၂)ကို (၁၀-၁-၂၀၂၂)မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Jan 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းတွင် ဒီဇင်ဘာ ၂၉ ရက်နေ့ နောက်ပိုင်းမှစ၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ တစ်ဦးမျှ မတွေ့ရှိရ‌တော့ကြောင်း သိရသည်။
Jan 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှု (GBV) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက လယ်ဝေးမြို့နယ်၊ အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။