အမ်း ဇန်နဝါရီလ ၂၆ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် အမျိုးသမီးဘောလုံပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံး အသင်းသည် အမ်းမြို့နယ်သို့ရောက်ရှိလာရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဆရာ/ဆရာမများ၊ ကျေင်းသားကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များက ဂုဏ်ပြုပန်းစည်းများ၊ အောင်သပြေပန်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)