အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား တောင်ကုတ်မြို့မှ ဂုဏ်ပြုကြိုဆို

တောင်ကုတ် ဇန်နဝါရီ ၂၆

၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်း သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် တောင်ကုတ်မြို့သို့ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက ဂုဏ်ပြိုကြိုဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အောင်ပွဲရ အမျိုးသမီးဘောလုံးအသင်းသည် အုပ်ချုပ်သူများနှင့်အတူ စစ်တွေမြို့မှတဆင့် မော်တော်ယာဉ်များဖြင့်တောင်ကုတ်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများက  ရခိုင်စည်တော် အဖွဲ့နှင့်အတူ အောင်စည်တီး၍လည်းကောင်း၊ ကျောင်းသား/သူများက ပန်းကုံး၊ ပန်းစည်းများပေးအပ်၍လည်းကောင်း ဂုဏ်ပြုကြိုဆိုခဲ့ ကြပြီး နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

စန်းဝင်း(ပြန်/ဆက်)