အင်္ဂပူ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့ခန်းမ ဆေးထိုးစုရပ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှအသက်(၁၈) နှစ်အထက်ပြည်သူများအား Phase-6 (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသည့်သူများအား Phase-6 (ပထမအကြိမ်)အဖြစ် ရဟန်းသံဃာများ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ခြင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့ဆောင့်ကြပ်ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများ နှင့်အညီကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများမှ ပူးပေါင်း ပြီးပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)