ကျောက်ဖြူ ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းတာဝန်များအား သိရှိနားလည်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ်အမြင်သစ်များအား မျှဝေတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်စာအုပ်ဖြင့် (ဒုတိယ အကြိမ်မြောက်) စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ် အောင်တင်ကြည် ဦးစီးအရာရှိ(တာဝန်ပေး)က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးစာအုပ်၏ စာပိုဒ်ပါ အကြောင်း အရာများဖြစ်သည့် စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာကြည့်တိုက်ဉပဒေနှင့် နည်းဥပဒေ ဆိုင်ရာ သိသင့်သည့်အချက်များနှင့် စာကြည့်တိုက် အောင်မြင်ရေး စသည့်အကြောင်း အရာများအား ဦးဆောင် ဆွေးနွေးခဲ့သည်။ ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က စာကြည့်တိုက် အမျိုးအစားများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဖြိုးဝေလင်း (ဓာတ်ပုံကျွမ်းကျင်-၂)က စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သိန်းသိန်းနိုင် (ရုပ် သံကျွမ်းကျင်-၃)မှ စာကြည့်တိုက်တာဝန် လွှဲပြောင်းလက်ခံခြင်းစနစ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နှင်းသဇင် (ပုံနှိပ်ကျွမ်း ကျင်-၅)မှ စာကြည့် တိုက်ပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည် များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း