အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယမန်နေ့ နံနက် (၉)နာရီအချိန်မှစ၍ ကသာမြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် လူဦးရေပေါင်း (၂၃၇၅၅)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
Jan 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ က အမှတ်(၁၀) ရပ်ကွက်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသိပေးနှိုးဆော်ခဲ့သည်။
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်း ဖွဲ့ဆွေးနွေးခြင်း၊ စာပေမှရသော အသိပညာဗဟုသုတများ အတွေးအခေါ်အသိအမြင်များအားအချင်းချင်း မျှဝေတတ်စေရန် စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ် ၁ နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြိုနယ်အတွင်း တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  စတင်ထိုးနှံခြင်းကို အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်းအတွင်း   မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းအဖွဲများက ယမန်နေ့ နံနက် ၈ နာရီ အချိန်က စတင်ထိုးနှံပေးသည်။
Jan 19,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပံကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့ညနေ (၃)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
Jan 19,2022
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီက မိုင်းရယ်မြို့၊ မြို့မဈေးကြီး၌ လျှပ်စစ်မီးအသုံးပြုသည့် ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒု-လဝကမှူး ဦးကျော်သူရိန်လင်းနှင့် ဝန်ထမ်းများသည် ဇန်နဝါရီ(၁၈)ရက်မှ (၁၉) ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့်  ဘန်ဂလားကျေးရွာ၌ နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အသက် ၁၂ နှစ်နှင့် အထက် ကာကွယ်ဆေး ထိုးနှံပြီးသော ကျောင်းသားတစ်ဦး၏ ရင်တွင်းစကားသံကို ပြည်သူများ သိရှိစေရန် တင်ပြလိုက်ရပါသည်-