မိုင်းရယ် ဇန်နဝါရီ ၁၈
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီက မိုင်းရယ်မြို့၊ မြို့မဈေးကြီး၌ လျှပ်စစ်မီးအသုံးပြုသည့် ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးသိန်းစိုးဦးဆောင်သည့်အဖွဲ့သည် ဈေးအတွင်းရှိ လျှပ်စစ်မီတာသုံးစွဲ၍ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဆိုင်ခန်းများတွင် မီတာဘောက်များအား စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ ရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းထားရှိမှုရှိ/မရှိများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ စည်းကမ်းများအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထိုက် ( ပြန်/ဆက်)