သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော အသက် ၁၂ နှစ်နှင့် ကျောင်းသား တစ်ဦး၏ ရင်တွင်းစကားသံ

သီပေါ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ အသက် ၁၂ နှစ်နှင့် အထက် ကာကွယ်ဆေး ထိုးနှံပြီးသော ကျောင်းသားတစ်ဦး၏ ရင်တွင်းစကားသံကို ပြည်သူများ သိရှိစေရန် တင်ပြလိုက်ရပါသည်-

ကျွန်တော့်နာမည်က စိုင်းလှဆိဖြစ်ပါတယ်။ အသက်က(၁၄)နှစ်ရှိပြီး၊ ပန်းတိမ်တောင်ရပ်ကွက်တွင် မိသားစုဝင်(၆)ဦးနှင့် အတူ နေထိုင်ပါတယ်။ ရေဟော်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းရှိ (၈)တန်းတွင် ပညာသင်ကြားနေပါတယ်။ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်က စပြီးတော့ ကျောင်းတွေလည်း ပိတ်ထားရပြီး အပြင်လည်း ထွက်ခွင့်မရဘူး။ သူငယ်ချင်းတွေနဲ့ လည်း မကစားရဘူး၊ စာလည်းမသင်ရဘူး။ ဒါကြောင့် ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းမှာ သူငယ်ချင်းတွေနဲ့လည်း ပြန်ကစားရတယ်၊ စာလည်း သင်ရတယ်ဆိုတော့ အရမ်းပျော်ပါတယ်။ ရောဂါကူးစက်မှုတွေမရှိအောင် ကျန်းမာရေးဌာနကဆရာ၊ ဆရာမတွေက ကာကွယ်ဆေး လာထိုး ပေးမယ်ဆိုတော့ ကြောက်တယ်။ မထိုးချင်ဘူး။ ဆေးမထိုးချင်ရင် ကျောင်းမှာရောဂါကူးစက်မှုတွေ ရှိလာရင် ကျောင်းတွေ ပြန်ပိတ်ရမယ်လို့ ကျောင်းကဆရာ၊ ဆရာမတွေက ပြောပြတယ်။ ကျောင်းပြန် မပိတ်စေချင်လို့ ကာကွယ်ဆေးကို ထိုးနှံခဲ့ပါတယ်။ အိမ်က အမေ၊ အဖေ၊ အစ်ကို၊ အစ်မ မိသားစုဝင်တွေ အားလုံးလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အားလုံးထိုးနှံထား ပြီးဖြစ်ပါ တယ်။ ကာကွယ်ဆေး ထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ တာဝန်ရှိသူ လူကြီးများ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ခင်လေး(သီပေါ၊ပြန်/ဆက်)