ရန်ကင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကင်း ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်း ဖွဲ့ဆွေးနွေးခြင်း၊ စာပေမှရသော အသိပညာဗဟုသုတများ အတွေးအခေါ်အသိအမြင်များအားအချင်းချင်း မျှဝေတတ်စေရန် စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ် ၁ နာရီခွဲက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက တက်ရောက် လာသူ များအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး စာရေးဆရာ ခင်စောတင့်ရေးသားသော အမေ ဆောက်ခဲ့သော ရဲတိုက်ကြီးများ စာအုပ်ပါ အကြောင်းအရာများအား စာရေးဆရာမ မအိ(ကဗျာ)က ဖတ်ကြားဆွေးနွေးခဲ့ရာ၊ မြို့နယ် အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များက ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။

လှလှထွေး