အထက်မင်းလှ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ က အမှတ်(၁၀) ရပ်ကွက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှုပိုမိုများပြားလာ ပြီဖြစ်သောကြောင့် အိုမီခရွန်မျိုးကွဲသစ်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်ကြ ရန်၊ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု (၂)ကြိမ်ပြည့်အောင် ထိုးနှံခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အိုမီခရွန်အပါအဝင် မျိုးရိုးဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ကြပါရန် တို့ကို အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)