တောင်ငူ ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြိုနယ်အတွင်း တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းကို အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်းအတွင်း မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းအဖွဲများက ယမန်နေ့ နံနက် ၈ နာရီ အချိန်က စတင်ထိုးနှံပေးသည်။
ထိုသို ဆောင်ရွက်ရာတွင် ယခင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်မြောက် ထိုးနှံပြီးစီး သည့်အချိန်မှ ခြောက်လကြာမြင့်သူများအား ဦးစားပေး အုပ်စုအလိုက် ထိုးနှံပေးမည်ဖြစ်ရာ အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ အသက် ၅၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ EAO များ၊ အကျဉ်းထောင်များမှ အကျဉ်းသား၊ အချုပ်သားများ၊ ဟိုတယ် မိုတယ်နှင့် တည်းခိုခန်းအစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းများ၊ စျေးသူ၊ စျေးသားများနှင့် စျေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ မသန်စွမ်း များ၊ နာတာရှည်ရောဂါအခံရှိသူများအား တစ်ရက်လျှင် လူဦးရေ ၃၀၀ နှုန်းဖြင့် တတိယအကြိမ် မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
တောင်ငူမြိုနယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ ပထမအကြိမ်မြောက် ထိုးနှံပြီးစီးသူ (၁၀၅၅၆၂) ဦး၊ ဒုတိယအကြိမ်မြောက် ထိုးနှံပြီးစီးသူ (၈၉၅၁၀)ဦးရှိရာ ရာခိုင်နှုန်း အရ ၅၃ ရာခိုင်နှုန်း ထိုးနှံပြီးစီးမှုရှိကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)