ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဘုတ်ပြင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒု-လဝကမှူး ဦးကျော်သူရိန်လင်းနှင့် ဝန်ထမ်းများသည် ဇန်နဝါရီ(၁၈)ရက်မှ (၁၉) ရက်နေ့အထိ ပန်းခင်းစီမံချက်ဖြင့် ဘန်ဂလားကျေးရွာ၌ နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဘုတ်ပြင်းမြို့နယ်ရုံးမှ ဒု-လဝကမှူး ဦးကျော်သူရိန်လင်းနှင့် ဝန်ထမ်းများက ဘန်ဂလားကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀နှစ်ပြည့်/၁၈နှစ်ပြည့်)ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ပေးရာအသက် (၁၀)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၃၀) ခု၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၁၅) ခု၊ အသက် (၁၀)နှစ်မှ အသက်(၁၈)နှစ်ပြည့် လဲ လှယ်(၅)ခု၊ စုစုပေါင်း နိုင်ငံသားစီစစ်ရေးကတ်ပြား (၅၀) ခုနှင့် အိမ် ထောင်စုလူဦးရေစာရင်း (၂၂)စုတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက် ရှိရာ မိမိတို့မွေးဖွားရာ ဇာတိအမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ရွေ့ပြောင်း နေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူ များကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒု-လဝကမှူးထံမှ သိရှိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)