အမြို့မြို့အနယ်နယ်သတင်းများ

Jan 23,2022
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်၉နာရီက ကုလားတို့ကျေးရွာနှင့် တိုးချဲ့ရပ်ကွက်တို့တွင် ကိုဗစ်-၁၉(ဗီဇပြောင်း) အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jan 23,2022
ပွင့်လင်းရာသီ၌ မတော်တဆမီးလောင်မှု မရှိစေရေးနှင့် စက်သုံးဆီဆိုင်များ မီးလန့်မှု မဖြစ်ပွားနိုင်ရန်အတွက် ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊လှိုင်​​မြို့နယ် အတွင်း၌ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် အခြေခံသဘောတရားများဖြစ်သည့် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူချိန်များကို ဖယ်ရှား၊ကန့်သတ်၊ လျော့ချနိုင်စေရန်ရည်ရွယ်ကာ မီးငြှိမ်းသတ်နည်းစာတွေ့နှင့် လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၌ ယမန်နေ့နံနက်၉း၀၀နာရီမှ၁၁း၀၀အချိန်ထိပြုလုပ်ခဲ့သည်။အဆိုပါဟောပြောပို့ချမှု့တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဟိန်းအောင်ကျော်က မီးသုံးစွဲမှုများနှင့် မီးသတ်စျေးဘူးအသုံးပြုပုံ၊ မီးသတ်ပစ္စည်းကိရိယာများနှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားသည်။
Jan 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၃၈လမ်းတွင် ဆန်၊ ဆီနှင့် ကြက်ဥများ ရောင်းချပေးလျက်ရှိရာ ဆန်ချော(၅)ပြည်ပါ (၁)အိတ်(၈၅၀၀)ကျပ်၊ ဆန်ကြမ်း (၅)ပြည်ပါ (၁)အိတ်(၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား(၁)ဘူးလျှင် (၁၈၅၀)ကျပ်နှင့် ကြက်ဥ (၁၀)လုံးပါ (၁)ကဒ်လျှင်(၁၃၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
Jan 23,2022
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့၌ တောင်ကုတ် ဒီဂရီကောလိပ်အဆင့်မှ တောင်ကုတ်တက္ကသိုလ် အဆင့်ဖွင့်ပွဲ အထိမ်းအမှတ်အားကစားပြိုင်ပွဲများယမန်နေ့နံနက်က စတင် တောင်ကုတ်တက္ကသိုလ် အေ ဘီ စီအဆောင်ရှေ့ ကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
Jan 23,2022
ကျိုက်မရောမြို့နယ်အတွင်းရှိ၊ ပြည်သူများအနေဖြင့်ကိုဗစ်- ၁၉ရောဂါဗီဇမျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် လိုက်နာရမည့် အချက်များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက အရှိန်ဟုန်မပြတ် လှည့်လည်အသိပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက် များအတွင်း လက်ကိုင်အသံချဲ့စက်များဖြင့် မွန်ဘာသာ၊ မြန်မာဘာသာနှစ်ဘာသာဖြင့် ယမန်နေ့နံနက်၉နာရီက လှည်လည်ကြေငြာ အသိပေးလျက်ရှိသည်။
Jan 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များပူးပေါင်းကာ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာပေဗဟုသုတများနှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀း၀၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 23,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက်  ယမန်နေ့နံနက်ပိုင်းက  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာနှစ်ဘာသာဖြင့်   အသိပညာပေး လိုက်လံနှိုးဆော်သည်။
Jan 23,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြုကာကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မ ပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာ၊ မြန်မာဘာသာတို့ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။