ကျောက်တံတားမြို့နယ်တွင် Mobile ဈေးကားနှင့် ဆန်၊ ဆီနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ကျောက်တံတား ဇန်နဝါရီ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းမှ ပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ၃၈လမ်းတွင် ဆန်၊ ဆီနှင့် ကြက်ဥများ ရောင်းချပေးလျက်ရှိရာ ဆန်ချော()ပြည်ပါ (၁)အိတ်(၈၅၀၀)ကျပ်၊ ဆန်ကြမ်း ()ပြည်ပါ (၁)အိတ်(၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား(၁)ဘူးလျှင် (၁၈၅၀)ကျပ်နှင့် ကြက်ဥ (၁၀)လုံးပါ (၁)ကဒ်လျှင်(၁၃၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါဈေးရောင်းချရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမြင့်စိန်မှကြီးကြပ်ပြီးမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့များမှပူးပေါင်း၍ပြည်သူများအဆင်ပြေဝယ်ယူနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

မြို့နယ်