တောင်ကုတ် ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့၌ တောင်ကုတ် ဒီဂရီကောလိပ်အဆင့်မှ တောင်ကုတ်
တက္ကသိုလ် အဆင့်ဖွင့်ပွဲ အထိမ်းအမှတ်အားကစားပြိုင်ပွဲများယမန်နေ့နံနက်က စတင် တောင်ကုတ်တက္ကသိုလ် အေ ဘီ စီအဆောင်ရှေ့ ကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။အဆိုပါတောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲအထိမ်းအ မှတ်အဖြစ် အားကစားပြိုင်ပွဲများကို ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ၆ မိုင် ၂ ဖာလုံ မာရသွန်ပြိုင်ပွဲ၊လွန်ဆွဲပြိုင်ပွဲ၊နှင့် ကုန်းလှေပြိုင်ပွဲစသောအားကစားပြိုင်ပွဲများကျင်းပရန်စီစဥ်ထားရှိခဲ့ရာယနေ့နံနက်၌ ပိုက်ကျော် ခြင်း ပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲများအား ဖွင့်လှစ်ကျင်းပလျက်ရှိပြီး ကျန်ပြိုင်ပွဲများအား ဇန်နဝါရီ လ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းဝင်း