ဝေါ ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များပူးပေါင်းကာ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာပေဗဟုသုတများနှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀း၀၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင် က စာရေးဆရာ အောင်သင်းရေးသားသည့် ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ စာအုပ်မှ ရည်မှန်းချက်နှင့်ယုံကြည်မှုဘာကွာခြားလဲခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအောင်မြတ်လင်း(ဓာတ်ပုံကျွမ်းကျင် -၂) က ကြုံတွေ့နေရတဲ့ သုခ ဒုက္ခတွေကို ဘုရားပေးတဲ့လက်ဆောင်လို့ယူဆထားသလာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ဒေါ်အေးမြမိုး (ရုပ်သံကျွမ်းကျင်-၃) က လူငယ်များ တိုးတက်ကြီးပွားရန် လူငယ်များသာ လွတ်လပ်စွာ ဦးဆောင်လုပ်ဆောင်နိုင်သင့်သည် ခေါင်းစဉ်တို့ဖြင့် အသီးသီး ဖတ်ကြားဆွေးနွေးကြသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်ကြသည့် ဝန်ထမ်းများနှင့်စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်မှ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း