ကျိုက်မရော ဇန်နဝါရီ ၂၃
ကျိုက်မရောမြို့နယ်အတွင်းရှိ၊ ပြည်သူများအနေဖြင့်ကိုဗစ်- ၁၉ရောဂါဗီဇမျိုးကွဲ သစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် လိုက်နာရမည့် အချက်များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက အရှိန်ဟုန်မပြတ် လှည့်လည်အသိပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက် များအတွင်း လက်ကိုင်အသံချဲ့စက်များဖြင့် မွန်ဘာသာ၊ မြန်မာဘာသာနှစ်ဘာသာဖြင့် ယမန်နေ့နံနက်၉နာရီက လှည်လည်ကြေငြာ အသိပေးလျက်ရှိသည်။
ထိုကဲ့သို့အသိပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉မျိုးကွဲအသစ် အိုမီခရွန်ရောဂါပိုးသည် အခြားသောနိုင်ငံများတွင် ကူးစက်မှုများဖြစ်ပေါ်ရာမှ မိမိတိုနိုင်ငံအတွင်းစတင်ကူးစက်မှူဖြစ်ပေါ် လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများ၊ မီဒီယာများ၌နေ့စဉ် အသိပေးကြေငြာလျက်ရှိ သဖြင့် ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်အတွင်းကိုဗစ်- ၁၉ရောဂါပိုး ကူးစက်မှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ရမည့်အချက်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်၊ နေအိမ်ပြင်ပထွက်ခွာသူတိုင်း မျက်နှာနှာခေါင်းစည်း(mask)များ မပျက် မကွက် တပ်ဆင်ကြရန်၊ အပြင်မှပြန်လာတိုင်း လက်ကို စနစ်တကျဆေးကြောကြရန်၊ လူစုလူဝေးများ သောနေရာများသို့ သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးထိုးနှံရာ၌ အကြိမ်အရေတွက်အပြည့်ထိုးနှံခြင်းဖြင့် ရောဂါကာကွယ်ရေး ပူးပေါင်းကူညီကြပါရန် အရှိန်အဟုန်မြှင့်တင် နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)