Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းဘူး(စကု)မြို့နယ် ပက်ပယ်ကျေးရွာရှိ အရန်မီးသတ် တပ်ဖွဲ့အတွက် အပေါ့စား မီးငြှိမ်းသတ် စက်တစ်စုံ ထောက်ပံ့ပေးအပ်
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရေငံကျေးရွာအုပ်စု၊ ပက်ပယ် ကျေးရွာနေ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဆင်ပြေစေရန် ကျေးရွာအရန်မီးသတ် တပ်ဖွဲ့အတွက် အပေါ့စား မီးငြှိမ်းသတ် စက်တစ်စုံကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၃ နာရီ အချိန်က ခရိုင်မီးသတ် ဦးစီးမှူးရုံး ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၁၇၃)ဧက ရေပေးဝေနေသည့် အထက်လင်းဇင်းမြောင်းအား ပြန်လည်ပြုပြင်
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် ရေပြည့်ဝစွာပေးဝေနိုင်ရေးအတွက် သဲနှုန်းများတူးဖော်ပေးခြင်း၊ မြောင်းကြမ်းပြင်များနှင့် မြောင်းဘောင်နံရံများအား ပြန်လည်ပြုပြင်ပေးခြင်း၊ ရေပေးပြွန်များအား အသစ်ပြောင်းလဲတပ်ဆင်ပေးခြင်း၊ ရေတံခါးများနှင့် ရေကျအဆောက်အဦးများအား ပြန်လည် ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ (၁၁၇၃) ဧက ရေပေးဝေနေသည့် အထက်လင်းဇင်းမြောင်းအား ကြမ်းခင်းကွန်ကရစ်လောင်းခြင်းနှင့် ပျက်စီးနေသည့် ကျောက်ဆလံများအား ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့၊ သာသနာ့ဗိမာန်တော်၌ မင်္ဂလာစည်တော်ကြီးတင်လှူခြင်းအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သာသနာ့ဗိမာန်တော်၌ မင်္ဂလာစည်တော်ကြီးတင်လှူခြင်း အခမ်းအနားကျင်းပပြုလုပ်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၃ရက်နေ့ နံနက်၁၀နာရီအချိန်က လားရှိုးမြို့ သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ် ထမကန်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ထမကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်းတွင် ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာဝတ္ထိကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို ယမန်နေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jan 24,2022
မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာရှိ ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုး စေရေးအတွက် ရည်ရွယ်၍ ဇန်နဝါရီ ၂၃ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံ့မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ
Jan 24,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ (၂၂.၁.၂၀၂၂)ရက်နေ့ နေ့လယ် (၀၁:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး (ပန်းဥယျာဉ်) ဌာနမှ တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိ
Jan 24,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် တည်းခိုခန်းများအား ဧည့်စာရင်း စစ်ဆေး ဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၉ နာရီက. ပူးပေါင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18919
Page
18920
Page
18921
Page
18922
Current page
18923
Page
18924
Page
18925
Page
18926
Page
18927
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department