ပွင့်ဖြူ ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာရှိ ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုး စေရေးအတွက် ရည်ရွယ်၍ ဇန်နဝါရီ ၂၃ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူလူထု လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးပြား ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြား၏ အသုံးဝင်မှုများ ၊ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရမည့်အချက်များကို အသိပညာပေး ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်ကြသည့် ဒေသခံပြည်သူ ၉၁ ဦး အား ဝန်ထမ်းများအဖွဲ့က အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ် ကိုင်ဆောင်နိုင်ရေး အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် အိမ်ထောင်စုလူဦးရေစာရင်းတွင် မွေးတိုးစာရင်း ဖြည့်သွင်းခြင်း ၊ သေဆုံးစာရင်း ပယ်ဖျက်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )