လားရှိုးမြို့၊ သာသနာ့ဗိမာန်တော်၌ မင်္ဂလာစည်တော်ကြီးတင်လှူခြင်းအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လားရှိုး  ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သာသနာ့ဗိမာန်တော် မင်္ဂလာစည်တော်ကြီးတင်လှူခြင်း အခမ်းအနားကျင်းပပြုလုပ်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၃ရက်နေ့ နံနက်၁၀နာရီအချိန်က လားရှိုးမြို့ သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက မင်္ဂလာစည်တော်ကြီးတင်လှူခြင်းအခမ်းအနား ကျင်းပပြုလုပ်ရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ မင်္ဂလာစည်တော်ကြီး သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်နိုင်နိုင်ဦးအမှူးပြုလျက် ဌာနဆိုင်ရာများ၊ မြို့သူမြို့သားများ၊ ခုနရက်သားသမီး သူတော်ကောင်းအပေါင်းတို့၏ ကုသိုလ်ဖြစ်ပြီး ဇန်နဝါရီလ(၂၅)ရက်နေ့တွင် အခမ်းအနားဖြင့် တင်လှူသွားမည်ဖြစ်ကြောင်း သိရသည်။  

စိုင်းအောင်ကျော်စိုး