ဂွမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိ

ဂွ  ဇန်နဝါရီ  ၂၄

ရခိုင်ပြည်နယ်၊   ဂွမြို့နယ်တွင်    မြို့နယ်အတွင်း   ရပ်ရွာအေးချမ်းသာယာရေးနှင့်     လုံခြုံရေးအတွက်  မြို့ပေါ်ရပ်ကွက်များနှင့် တည်းခိုခန်းများအား ဧည့်စာရင်း   စစ်ဆေး ဆောင်ရွက်ခြင်းကို    စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့   ည ၉ နာရီက.    ပူးပေါင်းရေးအဖွဲ့မှ   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း    သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊    မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အား ဦးစီးဌာနမှ    တာဝန်ရှိသူများ၊ ကင်းရုံးရပ်ကွက်   အုပ်ချုပ်ရေးမှူးတို့    ပါဝင်သော    ပူးပေါင်းရေးအဖွဲ့သည်  ကင်းရုံးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ "နန်းတော်ဝင်" တည်းခိုခန်းနှင့် မြစိမ်းရောင် လမ်းရှိ အိမ်ထောင်စု(၁၀)စုတို့မှ   ကျား(၁၅)ဦး၊   (၁၃)ဦး၊   စုစုပေါင်း(၂၈)ဦးတို့အား     ဧည့်စာရင်းစစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ရာ   ထူးခြားမှု တစ်စုံတရာ    မရှိခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်