အောင်လံမြို့နယ် ထမကန်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး

အောင်လံ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်()နာရီက ထမကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်းတွင်  ပြုလုပ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးဌာနမှ ဒုလဝကမှူး ဦးဇာနည်စိုး ဦးစီးသောဝန်ထမ်းများအဖွဲ့က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါကွင်း ဆင်းဆောင်ရွက်မှုတွင် ထမကန်ကျေးရွာအုပ်စုအတွင်းရှိ  ပြည်သူများအား နိုင်၃က(၂၀)ဦး၊ နိုင်၆က(၄၃)ဦး၊ လဲလှယ်(၂၆)ဦး၊ မိတ္တူ(၁၉)ဦး၊ စုစုပေါင်း(၁၀၈)ဦး တို့အားပြုလုပ်ပေးနိုင်ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)