အမြို့မြို့အနယ်နယ်သတင်းများ

Jan 24,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ထိန်းသိမ်းအပ်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ မကွယ်ပျောက်သွားစေရေး မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာများကို လိုက်နာပြီး မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်မကွယ်အောင်  ထိန်းသိမ်းတက်သည့် မြန်မာလူမျိုးများအနေအဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်စေရေးအတွက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Jan 24,2022
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း ကပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် အောင်ပွဲရ အားကစားသမားများ တက်ရောက်ကြသည်။
Jan 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဇန်နဝါရီလ(၁၈)ရက်နေ့ညက အချိန်အခါမဟုတ် မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အား ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 24,2022
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် သီးနှံအမျိုးမျိုးနှင့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက မုဒုံမြို့နယ် ဝက်တဲကျေးရွာရှိ ဓမ္မာရုံ၌ ဖွင့်လှစ်ပေးခဲ့သည်။
Jan 24,2022
ငလျင်ဘေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လည်ပိုင်းတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအား ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
Jan 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၄၇၄၉) ကြိမ်မြောက် အရုဏ်ဆွမ်း လောင်းလှူမှုကို ယနေ့ နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
Jan 24,2022
၁၃၈၂ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော သံဃာတော်သာမဏေသီလရှင်တို့အား အောင် လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းပွဲမင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်း​​ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အမှတ်(၅၃) ရပ်ကွက်ရှိ ​ဦးဘိုးလှဘုရား (အောင်ဇေယျုံသာသနာ့ ဗိမာန်တော်) ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့​ကြောင်း သိရသည်။
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူး‌ပေါင်း၍ မြို့နယ်ရုံး Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယနေ့နေ့လည် ၁၂ နာရီက မူလတန်းအဆင့် အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။