ဒဂုံ ဇန်နဝါရီ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ (၂၂.၁.၂၀၂၂)ရက်နေ့ နေ့လယ် (၀၁:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး (ပန်းဥယျာဉ်) ဌာနမှ တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေး Talk show ဆွေးနွေးရာတွင် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး (ပန်းဥယျာဉ်) ဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားရာတွင် ရန်ကုန်မြို့တော်အတွင်းရှိ သစ်ပင်၊ ပန်းပင်များကို အမြဲတမ်းစိမ်းလန်းစိုပြေစေရန် အမြဲတစေ ထိန်းသိမ်းပြုပြင်လျက်ရှိပြီး သဘာဝသယံဇာတသစ်တောသစ်ပင်များ ပြုန်းတီးမှုမရှိစေရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရန် သစ်ပင်များကို ပုံသွင်းခြင်း၊ မြေဆီ၊ မြေသြဇာများကျွေးပြီး ထိန်းသိမ်းထားရှိလျက်ရှိပါကြောင်း၊ ပြည်သူအများ ကျန်းမာရေးနှင့်ညီညွတ်စေရန် စိတ်ရွှင်လန်းစေရန်ရည်ရွယ်၍ သစ်ပင်ပန်းပင်များကိုတိုးချဲ့ပြီး စိုက်ပျိုးထိန်းသိမ်းလျက်ရှိပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါကြောင်း သတင်းရသည်။
ဒဂုံ (ပြန်/ဆက်)