ကျိုက်လတ်မြို့နယ် Community Centre ခန်းမ၌ (၇၅)နှစ်မြောက် ရွှေရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ကျိုက်လတ် ဇန်နဝါရီ ၂၄

‌ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူး‌ပေါင်း၍ မြို့နယ်ရုံး Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယနေ့နေ့လည် ၁၂ နာရီက မူလတန်းအဆင့် အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတာဝန်ခံ နည်းစနစ်မှူး ဦးကျော်နိုင်တို့က  ပြိုင်ပွဲကျင်းပရခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်းများ ရှင်းလင်းပြောကြားခဲ့ပြီး အာလူး ကောက်ပြိုင်ပွဲ၊ အိတ်စွတ်ပြေးပြိုင်ပွဲ၊ ခါးလှည့်ကွင်းလှည့်ပြိုင်ပွဲများ ကျင်းပပြုလုပ်‌ပေးခဲ့ရာ အခြေခံပညာမူလတန်း ကျောင်းများက ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ 

ဌေးဌေးလှိုင်