မိုင်းဆတ်မြို့၌ အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အား ထောက်ပံ့ငွေပေးအပ်

မိုင်းဆတ် ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဇန်နဝါရီလ(၁၈)ရက်နေ့ညက အချိန်အခါမဟုတ် မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အား ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မယ်ဆွမ်မြောက်ရပ်ကွက်မှ အမိုးလန်ပျက်စီးခဲ့သည့် ဦးစိုင်း နောင့် နေအိမ်အတွက်ထောက်ပံ့ငွေကျပ်(၉၀၀၀၀)အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးစိုးဟန်က သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)