ဘိုကလေး ဇန်နဝါရီ ၂၄
ငလျင်ဘေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ နေ့လည်ပိုင်းတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအား ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
လေ့ကျင့်ရာတွင် ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးပြည့်စိုးထွဋ်နှင့် တပ်ဖွဲ့ဝင်များမှ ငလျင်ဘေးသင့်ပြည်သူအား အဆောက် အဦးအထပ်မြင့်မှ မြေပြင်ပေါ်သို့ သယ်ယူ၍ လူနာတင်ယာဉ်ပေါ်အရောက် ရှာဖွေကယ်ဆယ်သည့်ပုံစံနှင့် ပြိုကျပျက်စီး အဆောက် အဦးကြားမှ ပိတ်မိလူနာအား ရှာဖွေကယ်ဆယ်သည့်ပုံစံများအား အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်