ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စူဠဘွဲ့နှင်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ဒဂုံတောင် ဇန်နဝါရီ ၂၄

၁၃၈၂ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော သံဃာတော်သာမဏေသီလရှင်တို့အား အောင် လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းပွဲမင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်း​​ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အမှတ်(၅၃) ရပ်ကွက်ရှိ ​ဦးဘိုးလှဘုရား (အောင်ဇေယျုံသာသနာ့ ဗိမာန်တော်) ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့​ကြောင်း သိရသည်။

ထိုသို့ကျင်းပရာ၌ ၁၃၈၂ခုနှစ်တွင် ​ဖြေဆိုအောင်မြင်တော်မူခဲ့သော သံဃာတော် သာမဏေသီလရှင် အပါး(၈၀)တို့အား စာအောင်လက်မှတ်နှင့် စာအောင်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ အမှတ်(၁၂) တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး နေလင်းထွန်း မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့များ အလှူရှင်များ ဘုရားဂေါပကအဖွဲ့များမှ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါအောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲသို့ ဆရာတော်သံ​ဃာတော်များ စာမေးပွဲ​အောင်မြင်တော်မူသော သံဃာတော်သာမဏေ သီလရှင်များအပါး (၆၅)ပါးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ အမှတ်(၁၂)တပ်ရင်းမှူး မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့များ အလှူရှင်များ ဦးဘိုးလှ ဘုရားဂေါပကအဖွဲ့များ အောင်ဗောဓိဘုရား ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကျန်းမာ​ရေးလမ်း ညွှန်ချက်များနှင့်အညီဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သန်းသန်းအေး(ဒဂုံတောင်)