ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ထိန်းသိမ်းအပ်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ မကွယ်ပျောက်သွားစေရေး မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာများကို လိုက်နာပြီး မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်မကွယ်အောင်  ထိန်းသိမ်းတက်သည့် မြန်မာလူမျိုးများအနေအဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်စေရေးအတွက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါပြည်ထောင်စု‌နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁) ရက်နေ့ထုတ် တို့ကျေးရွာဂျာနယ် အတွဲ-၁၊ အမှတ်-၂၃ မှ စာရေးဆရာ ရှိန်းမြသင်းရေးသားသည့် ထိန်းသိမ်းစောင့်ရှောက်ရမည့် မြန်မာ့ယဉ်ကျေးမှုနှင့် မြတ်နိုးဖွယ်ရာဓလေ့ထုံးတမ်းများ ခေါင်းစဉ်ပါဆောင်းပါးမှ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံအလိုက် လူမျိုးအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှုများ ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး အဓွန့်ရှည်တိုးတက်စေရေးအတွက် မရှိမဖြစ်သည့် သိမ်မွေ့ပြေပြစ်သောအပြုအမူ တတ်သိလိမ္မာမှု အစဉ် အလာအရ ထိန်းသိမ်းထားသော ဓလေ့ထုံးစံကျင့်ဝတ်များ စသည့် အကြောင်းအရာများအား အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများမှ တစ်ဦးတစ်ယောက်ချင်းစီ အလှည့်ကျ လေ့လာဖတ်ကြားခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး