အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာမြို့မဈေး၊ အနောက်ဈေး၊ ယာယီပျံကျဈေးနှင့် ရွှေဘုံသာ ဘုရားလမ်းဆုံ ကားဂိတ်တို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သုခရတနာ ပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့သည်။
Jan 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင် အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉နာရီက (၇၅)နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့ အကြို အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့်ကျပန်းစကား ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jan 25,2022
မန္တလေးတိုင်း‌ဒေသကြီး၊   ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်(အ.ထ.က)ကျောင်းတွင်   (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား/ကျောင်းသူများအား ကာယဉာဏဖွံ့ဖြိုးစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး  တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 25,2022
တိုးတက်လာသည့် နည်းပညာများကို လက်လှမ်းမီလိုက်ပါ ဆောင်ရွက်နိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင် Social Media အသုံးပြုနည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
Jan 25,2022
ဇန်နဝါရီ(၂၄)ရက်နေ့တွင် ရောက်ရှိခဲ့သည့် (၃၁)နှစ်မြောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၁၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက  စာသင်သား ရှင်သာမဏေများအား ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခဲ့ကြသည်။
Jan 25,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေပုံမြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပသည်။
Jan 25,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက်ပိုင်းအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် Covishield အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။