ကျိုင်းလပ်မြို့ရှိ စားသောက်ဆိုင်၊ ပုဂ္ဂလိကအိမ်ဆိုင်များ‌ ဘေးအန္တရာယ်လုပ်ငန်းလိုင်စင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ရောင်းချရေးကြည့်ရှုစစ်ဆေး

ကျိုင်းလပ် ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချမှုရှိစေရေး ယမန်‌နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးခြင်းကို ကျိုင်းလပ်မြို့ စည်ပင်သာယာရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအားဝေနှင့် ဝန်ထမ်းများက အများပြည်သူ သွားလာကြသည့် ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းလိုင်စင်၊ ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်များအား ဆိုင်အဝင်ဝတွင် လက်ဆေးရည် (Hand Gel) များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချ ပြုလုပ်စေရေး၊ လူစုလူဝေးမဖြစ်စေရေး တို့ကို လိုက်လံစစ်ဆေးခဲ့ကြပြီး ဗီဇပြောင်းအိုမီခရွန်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဈေးဆိုင်များ ဖွင့်လှစ်ခြင်း၊ ဈေးဝယ်ခြင်းနှင့် သွားလာမှုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်‌ရေးအတွက် အသိပညာပေး ပြောကြားခဲ့ကြ ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်