မြေပုံ ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေပုံမြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး သိကောင်းစရာများနှင့် ပတ်သက်၍ ဆရာသန်းထွန်းနိုင်နှင့် မြေပုံမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးတို့က စာပေမှရရှိသော ဗဟုသုတများ၊ စာပေဖတ်ရှု့ရခြင်းအကျိုး ကျေးဇူး၊ လူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတစာပေများကို လေ့လာဖတ်ရှု့မှတ်သားရန်၊ စာပေမှရရှိသည့် အသိပညာများကို မိမိဘဝ၏တိုးတက် ရာတိုးတက်ကြောင်းအတွက် နည်းလမ်းယူရန်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို သိရှိပြီးလိုက်နာ ကျင့်သုံးနိုင်ရန်၊ တိုင်းပြည်နှင့်လူမျိုးများ၏ သမိုင်းအစဉ်အလာ မြင့်မားခဲ့ပုံများ၊ စာပေမှရရှိသည့် အသိပညာများကို ဆွေးနွေးကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)