ကျောက်ဆည် ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင် အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉နာရီက (၇၅)နှစ် မြောက်စိန်ရတု ပြည်ထောင်စုနေ့ အကြို အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးနှင့်ကျပန်းစကား ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပြိုင်ပွဲများကျင်းပပြုလုပ်ရာ စာစီစာကုံးပြိုင်ပွဲတွင် သွေးစည်းညီညီ စိန်ရတုဆီ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၁၉)ဦး၊ ကဗျာပြိုင်ပွဲတွင် ရွှေရောင်လွှမ်းလို့ စိန်ရတုဆီသို့ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်(၉)ဦး၊ ဆောင်းပါး ပြိုင်ပွဲတွင် ပြည်ထောင်စု၏ ထာဝရအလှများခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၁) ဦး၊ ပန်းချီပြိုင်ပွဲတွင် ချစ်ခြင်းတရားနှင့် ပြည်ထောင်စုခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် (၉) ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပြည်ထောင်စုဘွား သွေးစည်းညီညွတ်မှုအင်အား၊ တူရွှင်နွဲပျော် စိန်ရတု ပြည်ထောင်စုပွဲတော်နှင့် စိန်ရတုပြည်ထောင်စုနေ့နှင့် ယနေ့လူငယ်တာဝန် စသည့်ခေါင်းစဉ်များဖြင့် ပြိုင်ပွဲဝင် (၄) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာ အထက်တန်းကျောင်း (၂၀) မှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲများမှ ပထမဆု ရရှိသူများကို ဇန်နဝါရီ (၂၈) ရက်တွင် ခရိုင်အဆင့်ပြိုင်ပွဲအဖြစ် ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)