ဘိုကလေး ပြန်/ဆက်မှ (၃၁)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် ရှင်သာမဏေများအား ကျောင်းသုံးစာအုပ်များလှူဒါန်း

ဘိုကလေး ဇန်နဝါရီ  ၂၅

ဇန်နဝါရီ(၂၄)ရက်နေ့တွင် ရောက်ရှိခဲ့သည့် (၃၁)နှစ်မြောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၁၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက  စာသင်သား ရှင်သာမဏေများအား ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခဲ့ကြသည်။

လှူဒါန်းရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ရွှေနှင့် ဝန်ထမ်းများမှ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ သဒ္ဓမ္မပါလဇောတိကာရုံကျောင်းတိုက်၊ သဒ္ဓမ္မပါလ ပညာဒါနရှိ စာသင်သား ရှင်သာမဏေများအား ကျောင်းသုံးဗလာစာအုပ် (၂၀၀)ကျော်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးစက်