ကန့်ဘလူ ဇန်နဝါရီ ၂၅
တိုးတက်လာသည့် နည်းပညာများကို လက်လှမ်းမီလိုက်ပါ ဆောင်ရွက်နိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင် Social Media အသုံးပြုနည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်အတွင်းရှိ ဝန်ထမ်းများ တက်ရောက်ကြပြီး Mobile ဖုန်းဖြင့် E mail အကောင့်ဖောက်နည်း၊ Viber အသုံးပြုနည်း၊ Kine Masrer အသုံးပြုနည်းများ စသည့် နည်းပညာများကို သင်တန်းသားများ ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်လဲ့လဲ့ဝင်းမောင်က Mobile ဖုန်းဖြင့် လက်တွေ့သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)