စဉ့်ကိုင် ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်(အ.ထ.က)ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား/ကျောင်းသူများအား ကာယဉာဏဖွံ့ဖြိုးစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့်ပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများ ဆောင်ရွက်ရာသို့ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးနှင့် ပညာရေးဝန်ထမ်းများ မြို့နယ်အတွင်းရှိ(အ.ထ.က) ကျောင်း (၆)ကျောင်းနှင့် (အ.ထ.က)ခွဲကျောင်း(၁၀)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တာဝန်ကြ ဆရာ /ဆရာမများက ကြီးကြပ်၍ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်“တူယှဉ်နွှဲပျော်စိန်ရတု ပြည်ထောင်စုပွဲတော် ” ခေါင်းစဉ် ဖြင့်ကျောင်းသား/ကျောင်းသူ (၁၄)ဦး၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင်“ ပြည်ထောင်စုအလှ အားမာန် ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၁၁)ဦး ၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲ တွင်“ ပြည်ထောင်စုဖွားတိုင်းရင်းသား ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၉)ဦး ၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် “ စိန်ရတုပြည်ထောင်စုပွဲတော် နှင့် အမျိုးသားရေး အားမာန် ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၄)ဦး ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် “ ဥမကွဲ သိုက်မပျက် ပြည်ထောင်စုသွေးချင်းများလက်၊ ပြည်ထောင်စုဖွား သွေးစည်းမှုအင်အား၊ စိန်ရတုပြည်ထောင်စုပွဲတော်နှင့် လူငယ်များတာဝန် ” ခေါင်းစဉ်တို့ဖြင့် ကျောင်းသား/ကျောင်းသူ(၁၀)ဦး စုစုပေါင်း (၄၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ညိုညိုဝင်း