အမြို့မြို့အနယ်နယ်သတင်းများ

Jan 25,2022
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော် ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၉) နာရီ အချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVISHIELD) ကာကွယ်ဆေးထိုးနှံသူ ရပ်ကွက်(၃)ရပ်ကွက်မှ ကျား(၆၂)ဦးနှင့် မ(၇၀)ဦးစုစုပေါင်း(၁၃၂)ဦး အား ထိုးနှံသည်။
Jan 25,2022
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းကို မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
Jan 25,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများဥပဒေနှင့်အညီနိုင်ငံသား စိစစ်ရေးကတ်ပြား များ ကိုင်ဆောင်ခွင့်ကိုရရှိစေရန် ရည်ရွယ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ၂၀၂၁-ခုနှစ်မေလ(၃)ရက်နေ့မှစတင်ကာ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီအရာရှိဦးသန်းဦး မှဦးဆောင်၍ ၄/တောင် ရပ်ကွက် သာသနာဝေပုလ္လဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေး ခဲ့သည်။
Jan 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆေးရောင်စုံခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ဒေသန္တရကျန်းမာရေးဌာနတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Sputnik light) (ရုရှား)ကာကွယ်ဆေး ကို စတင်ထိုးနှံ ပေးလျက်ရှိသည်။
Jan 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာ‌စေရေးအတွက် ယနေ့နံနက်(၈) အချိန် က သံသုမာလမ်း‌‌နှင့် ပါရမီလမ်းဆုံ၊ ပါရမီလမ်းနှင့် သစ္စာလမ်းတို့တွင် ယာဉ်စစ်‌ဆေးခြင်း ဆောင်ရွက်လျက် ရှိ‌သည်။
Jan 25,2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များ ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင် ကျေးရွာအုပ်စု၊ ရေပေါ် သောင်ကျေးရွာရှိဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြရာ မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jan 25,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။