အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မုဋ္ဌောကျေးရွာအုပ်စု၊ ကန်ပေါင်းကံ ကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့‌ကြောင်းသိရသည်။
Jan 28,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယမန်နေ့ညနေ ၄နာရီက မြို့အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ ရဲတပ်ဖွဲ့များနှင့်မီးသတ်အဖွဲ့များက Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြည်သူများအနေဖြင့် သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူခြင်းကို ကျိုက်ဒုံမြို့မစျေး၌စိုက်ထူခဲ့ကြကြောင်း သိရသည်။
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာန နှင့်  အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းကြီးရွာသစ်) ကျောင်းတို့ပူးပေါင်း၍  ၂၀၂၂ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်   စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲကို  ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်   ယနေ့ နံနက်(၁၀)နာရီအချိန်က  ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
Jan 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် သတင်းထုတ်ပြန်ချက်များ ပြည်သူများသိရှိစေရန် (ဒုတိယ)အကြိမ်အဖြစ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီ မြို့မ ဈေးနှင့်အေးမြကြည်လင်ဈေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
Jan 28,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ဇန်နဝါရီ ၂၈ ရက် နံနက် ၁ဝ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ သိမ်မဟာ သီလရှင်ပရိယတ္တိစာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်ဆရာကြီး၊ ဆရာလေးများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
Jan 28,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော  မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် မော်လမြိုင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မုဒုံမြို့နယ်ဘောလုံး အသင်းအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက  မုဒုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဖူဆယ်ကွင်း၌ ကျင်းပသည်။
Jan 28,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေး  လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၃နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်များသို့ အသံ ချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
Jan 28,2022
မိုးကုတ်မြို့နယ်၌ ပန်းခင်းစီမံချက်ကာလ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က  မြို့နယ်လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန ၊ ဝန်ထမ်းများမှ   မြို့ပေါ်အတွင်းလူစည်ကားသောနေရာတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။