ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာန နှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းကြီးရွာသစ်) ကျောင်းတို့ပူးပေါင်း၍ ၂၀၂၂ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ဟိုင်းကြီးကျွန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးမှူး ဒေါ်နွေးနွေးအောင် က "ပြည်ထောင်စုနေ့ဆိုတာ ငယ်စဉ်ကျောင်းသား ဘဝကပင် ရင်း နှီးကျွမ်းဝင်ခဲ့၊ မျှော်လင့်ခဲ့ရသည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်း၊ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်
ကြီးများသည် ပင်လုံမြို့၌ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း၊ ပြည်ထောင်စုအလံ သယ်ယူချိန်တွင် တိုင်းရင်းသား ဝတ်စုံများ၊ ဌာနဆိုင်ရာဝတ်စုံများ၊ တူညီဝတ်စုံများ နှင့် သယ်ယူကြရကြောင်း၊ ပထမ မြန်မာနိုင်ငံတော်ကြီးတည်ဆောက်ချိန်မှစ၍ ယနေ့အထိပင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံး တစ်စိတ်တစ်ဝမ်းတည်း စုစည်းနေထိုင်ကြကြောင်း၊ ပြည်ထောင်စုဆိုတာ စာရွက်တွင်သာ ရှိရမည့် အရာမဟုတ်သကဲ့သို့ ရည်ညွှန်းရမည့် စကားသက်သက်လည်းမဟုတ်ကြောင်း၊ ပြည်ထောင် စုတွင် နေထိုင်ကြသည့် တိုင်းရင်းသားအားလုံးသည် ကောင်းတူဆိုးဖက် တစ်စိတ် တစ်ဝမ်းတည်း နေထိုင်လိုစိတ်ရှိကြကြောင်း" စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲတွင် အထက်တန်းကျောင်းသား/ကျောင်းသူ(၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
နွေးနွေးအောင်ကြွယ်