မိုးကုတ် ဇန်နဝါရီ ၂၈
မိုးကုတ်မြို့နယ်၌ ပန်းခင်းစီမံချက်ကာလ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မြို့ပေါ်အတွင်းလူစည်ကားသောနေရာတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ တိုင်းရင်းသားများအားဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းတွင်ကိုင်ဆောင်သင့်သောကတ်တစ် မျိုးမျိုးထုတ်ပေးရေး၊ လျှောက်လွှာများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရန်လိုအပ်သည့် အချက်များနှင့်မေးမြန်းစုံစမ်းရန် ဖုန်းနံပါတ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဒေါ်နန်းခွာညိုနှင်း