ကျောက်ဆည်မြို့တွင် သတင်းထုတ်ပြန်ချက်များပြည်သူများသိရှိစေရန် (ဒုတိယ)အကြိမ်အဖြစ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည်   ဇန်နဝါရီ   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် သတင်းထုတ်ပြန်ချက်များ ပြည်သူများသိရှိစေရန် (ဒုတိယ)အကြိမ်အဖြစ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီ မြို့မ ဈေးနှင့်အေးမြကြည်လင်ဈေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင်  အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH, NUG နှင့် ဆက်စပ်နေသည့်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် လက်ခုတ် တီးခြင်း၊ ကားဟွန်းတီးခြင်းများကို  ဝါဒဖြန့်ခြင်း၊ လှုပ်ဆော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ဝါဒဖြန့်ခြင်း၊လှုံ့ဆော်ခြင်းများကို မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ  လိုက်ပါပြုလုပ်ခြင်း၊ စည်ရုံး လှုံ့ဆော်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်းများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ၃၃(က)နှင့် တည်ဆဲဥပဒေများအရေးယူခံရနိုင်ပြီး ပြစ်မှုနှင့် သတ်ဆိုင်သည့်ပစ္စည်းများကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း စသည့်အသိပေးချက်များ ပါဝင်ကြောင်း သိရှိရ သည်။

အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့်ဝန်ထမ်းများ၊ ကျောက်ဆည်တပ်နယ်မှ ဗိုလ်ကြီးအေးမင်းအောင်နှင့် တာဝန် ရှိသူများ၊ မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန် ခံဦးမင်းမင်းဦးနှင့် ဝန်ထမ်းများ ပူးပေါင်းပြီး ဈေးရောင်း၊ ဈေးဝယ်ပည်သူများ၏ လက်ဝယ်အရောက် အသိပညာပေးလက်ကမ်းစာစောင် (၆၀၀)စောင်  ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)