Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ရုံးတွင် ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်
Jan 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့လက်အောက်ခံအဖွဲ့အ စည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများ အပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဉပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင် စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း အချိန်က စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အများပြည်သူသိရှိနိုင်စေရေး အသိပေး နှိုးဆော်
Jan 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်လှုံ့ဆော်မှုများ အပေါ် ပြည်သူများ အနေဖြင့် လိုက်ပါလုပ်ဆောင်များပြုလုပ်ပါက ဉပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်သဖြင့် အများပြည်သူ သိရှိနို င်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် လှည့်လည်နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ သထုံမြို့နယ်၌ စတင်ထိုးနှံပေး
Jan 28,2022
မွန်ပြည်နယ် သထုံမြို့နယ်တွင် ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့ နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး လူနာစောင့်နားနေဆောင်ခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့၌ အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေး နှိုးဆော်
Jan 28,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်မှစ၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် သွားလာကြသော ပြည်သူများသိရှိစေရန် ရည်ရွယ်၍ NUG၊ CRPH တို့ လှုံ့ဆော်မှုများအား မလုပ်ဆောင်ကြရန် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Jan 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 28,2022
နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအားအကြောက်တရားဖြစ်ပေါ်စေရန်ရည်ရွယ်သည့် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့်လိုက်ပါလုပ်ဆောင်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သဖြင့် ပါဝင်မှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ စည်ပင်သာယာ အဖွဲ့ပိုင်စျေး၊ လိုင်စင်လုပ်ငန်းဆိုင်၊ လမ်းဘေးဆိုင်နှင့် တည်းခိုခန်းများတွင် ထားဝယ်မြို့ စည်ပင်သာယာရေးအဖွဲ့များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်ပါ လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး၌ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန် ကျေးရွာများအရောက် အသိပေးနှိုးဆော်
Jan 28,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါများ လျော့ကျစေရန် နှင့် နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ယမန်နေ့ နံနက် ၉ နာရီအချိန်က လှည့်လည် နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18876
Page
18877
Page
18878
Page
18879
Current page
18880
Page
18881
Page
18882
Page
18883
Page
18884
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department