ဗန်းမော်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိမ်မဟာသီလရှင်ပရိယတ္တိစာသင်တိုက်သို့ ဆန်၊ ဆီနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

ဗန်းမော်       ဇန်နဝါရီ    ၂၈ 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ဇန်နဝါရီ ၂၈ ရက် နံနက် ၁ဝ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ သိမ်မဟာ သီလရှင်ပရိယတ္တိစာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်ဆရာကြီး၊ ဆရာလေးများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သံဃာတော်၊ သီလရှင်များအား ဆွမ်း၊ ကွမ်းအခက်အခဲ မရှိစေရေးအတွက် စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း  ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။  

ကိန်းဖြူ(ပြန်/ဆက်)