Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အုတ်တွင်းမြို့နယ်တွင်၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ…
Feb 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီး မြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်မိုးလုံလေလုံအား ကစားခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Feb 02,2022
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လူရေအိမ်ထောင်စုစာရင်းများကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁၂၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့ အ.ထ.က(၁)တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ
Feb 02,2022
ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ဦးတည်ချက်၊ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အနှစ်သာရတို့ကိုသိရှိ ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီခွဲက အိုင်းဝိုင်းကျေးရွာ (AM)ဖူဆယ်ကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့တွင် အမှတ်(၂) အောက်စီဂျင်စက်ရုံ ဖွင့်ပွဲကျင်းပ
Feb 02,2022
သံဖြူဇရပ်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ်မြို့နယ်တွင် အမှတ်(၂)အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သံဖြူဇရပ်မြို့နယ် ကုတင် (၅၀)ဆံ့ ပြည်သူ့ဆေးရုံဝင်အတွင်း အဆိုပါစက်ရုံရှေ့တွင် ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ သက်မွေးအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ
Feb 02,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဥ်တစ်ခုအဖြစ် အခမဲ့ ဖွင့်လှစ်ခဲ့သည့် ကျေးလက်နေ အမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 02,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်မှ စေတနာရှင်အလှူရှင်ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်သာသနာ့ဗိမာန်တော်ကြီးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ဒေသကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
Feb 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့တော် ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18839
Page
18840
Page
18841
Page
18842
Current page
18843
Page
18844
Page
18845
Page
18846
Page
18847
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department